Alan Walker နဲ့ မြန်မာပရိသတ်တွေတိုက်ရိုက်တွေ့နိုင်တဲ့အခွင့်အရေး
ပြည်ပမှပရိသတ်တွေသာမက မြန်မာပြည်က ပရိသတ်တွေကြားနာမည်ကြီးနေတဲ့ အဆိုတော် Alan Walker ကပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းမှာပျံနှံခံစားနေရတဲ့ Corvid ရောဂါတွေကြောင့် သူစီစဉ်ပြီးသား World Tour များစွာပျက်ခဲ့ရတာကြောင့် စိတ်မကောင်း ဖြစ်ရတဲ့အပြင် ဒီအပြောင်းအလှည်းကိုလက်ခံနိုင်အောင်နေသားကျအောင် မနည်းကြိုးစားခဲ့ရဖူးတယ်လို့ အင်တာဗျူးတစ်ခုမှာဖြေထားဖူးပါတယ်။
အဲ့ဒီနောက် ၂၀၂၁ နှစ်ထဲမှာလည်း တီထွင်ကြံဆမှုအသစ်တွေနဲ့ အမိုက်စားသီချင်းများစွာကို လည်းထုတ်လွင့်ခဲ့ပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့်လည်း အမြဲတမ်း အကောင်းဆုံး သီချင်း ဖြစ်အောင် ပရိသတ်တွေလက်ခံနိုင်အောင်အားထုတ်ခဲ့တဲ့အတွက် Music နဲ့ဆိုင်တဲ့ ဆုတွေများစွာ ရရှိခဲ့သူလည်းဖြစ်ပါတယ်။
ဒါ့အပြင် အားလုံးချစ်ကြတဲ့ ကမ္ဘာကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ Alan Walker ကလာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ နိုင်ငံတကာကပရိသတ်တွေနဲ့အပြင် မြန်မာပြည်က ပရိသတ်တွေ နဲ့လည်း တွေ့ဆုံသွားအုံးမှာဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကြီးတဲ့ သီချင်းတွေကိုဖျော်ဖြေပေးမယ့်အပြင် တိုက်ရိုက်စကားပြောရမှာမို့ JOOX Application ထဲက Alan Walker ROOM မှာ နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၇ နာရီတိတိမှာ ဒီအစီအစဉ် ထဲပါဝင်ရအောင် အခုကတည်းက မှတ်သား ထားလိုက်ကြရအောင်။
Alan Walker JOOX ROOM RSVP Link