Korea Drama ထဲမှ စတုတ္ထမြောက် အကုန်အကျအများဆုံး "Jirisan"
လက်ရှိ မြန်မာပြည်ကပရိသတ်တွေကြားနာမည်ကြီးနေတဲ့ "Jirisan" Korea drama ဇတ်ကားကိုလူတိုင်းမှတ်မိကြမယ်ထင်ပါတယ်ခင်ဗျ။ "Jirisan" ကိုတင်စားထားတာတော့ "Mount Jiri" ပဲဖြစ်ပြီး တောင်ကိုရီးယာရဲ့ အကြီးမားဆုံးတောင်ကိုကိုယ်စားပြုထားတာဖြစ်ပြီးဒီ ကားလေးကို TVN ရဲ့ ၁၅ နှစ်ပြည့် အထိန်းအမှတ်အနေနဲ့အထူးထုတ်လုပ်ရိုက်ကူးထားတာလဲဖြစ်ပါတယ်။
ဒီကားမှာ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ Jun Ji-hyun နဲ့ Ju Ji-hoon တို့ကပါဝင်ပြီး Director Lee Eung- Bok ကရိုက်ကူးထားပြီး Korea Drama History မှာ စတုတ္ထမြောက် အကုန်အကျအများဆုံးအဖြစ် US$ 27.4 million အကုန်ချခံပြီးရိုက်ကူးထားတာလဲ ဖြစ်ပါတယ်။

မြင့်မားတဲ့တောင် Mount Jiri နဲ့လှပတဲ့ ရှုခင်းတွေကို နောက်ခံထားပြီး တောင်တက်သမားလေး နဲ့ Jirisan National Park ကဝန်ထမ်းလေးတို့ရဲ့ တောင်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ မစူးစမ်းရသေးသော ဒေသများ နယ်မြေသစ်တွေကို စူးစမ်းရှာဖွေရင်း ပျောက်ဆုံးသွားတဲ့ ခြေလျင်ခရီးသည်တွေ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ဖို့နဲ့ကို ကြိုးစာရှာဖွေတာတွေပါဝင်ပါတယ်။
ဒီဇာတ်ကားမှာ Mount Jiri တောင်ကြီးက ဧည့်သည်များစွာကို လှပစွာကြိုဆိုနေပေမယ့် လျှို့ဝှက်ဆန်းကြယ်မှုတွေပြည့်နေတဲ့ ဗဟိုပြုနေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒီတောင်ကြီးဆိုကိုလူတွေက အသက်ဆုံးဖို့လာတဲ့သူတွေနဲ့ သတ်ဖို့လာသူတွေနဲ့ ရှုတ်ထွေးလှိုဝှက်စမ်းကျယ်စွာရိုက်ကူးပြသထားပါတယ်။
ဒီ Jirisan Korea Drama ကားထဲက ဇာတ်ဝင်သီချင်းတွေကို JOOX Application မှာနားဆင်လို့ရနေပါပြီခင်ဗျ။