တိုက်ရိုက်ကြည့်ရှုနိုင်မယ့် Ed Sheeran ရဲ့ Album Release ဖျော်ဖြေပွဲ

တိုက်ရိုက်ကြည့်ရှုနိုင်မယ့် Ed Sheeran ရဲ့ Album Release ဖျော်ဖြေပွဲ

မကြာသေးခင်ကမှထွက်ရှိလာခဲ့တဲ့ Ed Sheeranရဲ့ Album အသစ်ဖြစ်တဲ့ "=" တစ်နည်းအားဖြစ် "Equal" Album လေးကိုနားဆင်ပြီးသွားကြပြီလား။ ပြီးခဲ့တဲ့ 2019 ခုနှစ်မှာ Divide Tour မှာသူဟာသူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်း ပြီးဆုံးသွားလိမ့်မည်လို့ထင်ခဲ့ပါတယ်။ ကမ္ဘာပေါ်တွင် ရောင်းအားအကောင်းဆုံး အနုပညာရှင်တစ်ဦးအဖြစ် အချိန်တော်တော်ကြာကြာ ရပ်တည်ခဲ့တဲ့ အဆိုတော်ဖြစ်ခဲ့တဲ့ Ed Sheeran ဟာ ပြီးခြ့တဲ့နှစ်တွေမှာ ဂစ်တာတောင် မတီးဖြစ်ခဲ့ပါဘူး လို့ပြောပြ ထားပါတယ်။

အခုဆိုရင် Ed Sheeran က အရာအားလုံးပြောင်းလည်းသွားမှုကိုလက်ခံထားတဲ့သူတစ်ယောက် ဖြစ်ပြီး သူ့ဘဝမှာလည်း မိသားစုဆိုတာရှိလာပြီဖြစ်ပါတယ်။ သူဟာ Cherry Seaborn အိမ်ထောင်ပြုပြီး Suffolk တွင်အခြေချနေထိုင်ပြီး Lyra Antarctica Seaborn Sheeran ရဲ့ဂုဏ်ယူရ သောဖခင်ဖြစ်လာပြီး အချိန်ပြည့် ကောင်းတဲ့ဖခင်ဖြစ်အောင်ကြိုးစားပြီး မိသားစုကိုအချိန်ပိုပေးဖြစ်တယ်ဆိုပြီးေပြောပြထားပါတယ်။ ဒါပေမယ့်သူစဉ်းစားမိတာက တစ်ချိန်မှာ သူ့သမီးလေးရဲ့ ဂုဏ်ယူရတဲ့ဖခင်ဖြစ်ချင်တဲ့အတွက်သီချင်းတွေပြန်ဆိုဖြစ်ခဲ့ပါတယ်။

မကြာခင် JOOX Application ထဲမှာ Exclusive Live အနေနဲ့ထုတ်လွင့်ပေးမယ့် LIVE မှာလည်း ပါဝင်မယ့် Album မှာလည်းပါဝင်ပြီးသား သီချင်းတွေ အများစုဟာ ချစ်ရတဲ့ဇနီးဖြစ်တဲ့ Cherry Seaborn ကျောင်းမှာ ပထမဆုံးတွေ့ခဲ့တဲ့ အချိန်တွေနဲ့သူမကိုရည်ညွှန်းပြီးသီဆိုထားပြီး Album မှာ သီချင်း ၁၄ ပုဒ်တိတိပါဝင်ပါတယ်။ First Times သီချင်းလေးကတော့သူတို့ရဲ့ မှတ်တိုင်လေး ပဲဖြစ်ပါတယ်။

Ed Sheeran ကတော့ interview တစ်ခုမှာ

“I have grown up, I am a father now / Everything has changed but I am still the same somehow.”

ဖခင်တစ်ယောက်ဖြစ်လာပေမယ့်သူ့ရဲ့ ဝါသနာပါတဲ့သီချင်းတွေကိုဆက်လုပ်ပြီးသီဆိုသွားအုံးမှာပါ။

အိမ်မှာနေရင်းကြည့်ရှုခံစားရမယ့် Ed Sheeran ရဲ့ Album Exclusive Live ကို နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၆ နာရီခွဲတိတိမှာ JOOX ကနေတိုက်ရိုက် ထုတ်လွင့်ပေးသွားမှာမို့ လာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

RSVP Link - https://open.joox.com/s/rd?k=ZJFOA