မေးခွန်းများစွာဖြစ်လူသေမှု့ဖြစ်ခဲ့တဲ့ American Rapper Travis Scott ရဲ့ Astroworld ဖျော်ဖြေရေး ပွဲတော်

မေးခွန်းများစွာဖြစ်လူသေမှု့ဖြစ်ခဲ့တဲ့ American Rapper Travis Scott ရဲ့ Astroworld ဖျော်ဖြေရေး ပွဲတော်

အခုတစ်လော ကမ္ဘာတဝှမ်းမှာနာမည်ကြီးသွားပြီး ပရိသတ်အားလုံးအံ့သြမှင်သက်စရာ ဖြစ်သွားတာကတော့ Travis Scott ရဲ့ Astroworld လို့ခေါ်တဲ့ ဖျော်ဖြေရေး ပွဲတော်အတွင်းမှာ လူရှစ်ဦး သေဆုံးခဲ့ပြီး လူများစွာဒဏ်ရာရခဲ့တဲ့အတွက်ပဲဖြစ်ပါတယ်။ ကမ္ဘာကျော် American Rapper Travis Scott ကတော့သူကိုယ်တိုင်အောင်မြင်ကျော်ကြားသူ ဖြစ်တဲ့အပြင် Model ဖြစ်တဲ့ ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာဖြစ်တဲ့ Kylie Jenner ရဲ့ခင်ပွန်းလည်းဖြစ်ပါတယ်။

BET Hip Hop Awards

Teen Choice Awards

Billboard Music Awards

Premio Lo Nuestro

MTV Video Music Awards

အစရှိတဲ့ဆုတွေရရှိထားသူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ 5 ရက်နေ့မှာ ပုံမှန်အတိုင်း Astroworld ဖျော်ဖြေ ပွဲတော်တွင် ဖျော်ဖြေနေစဉ် လူရှစ်ဦး သေဆုံးခဲ့ပါတယ် အဲ့ဒီအထဲမှာ အသက်အငယ်ဆုံး ၁၄ နှစ်ကလေးနဲ့ ၁၆ နှစ် ကလေးတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် လူ ၂၅ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး လူ ၃၀၀ ကျော် ဒဏ်ရာအနည်းငယ်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ ဆေးကုသမှုခံယူနေရပါတယ်။ Scott ဖျော်ဖြေနေစဉ်မှာလူအုပ်ကြီးက ဟူစတန်မြို့ NRG ပန်းခြံမှာ ပရိသတ် 50,000 ခန့် ရောက်ရှိလာပြီး ပရမ်းပတာ မြင်ကွင်းများကို ဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။

default column 1205x682 img

Travis Scott အတွက်တော့ Astroworld Festival ဖြစ်ရပ်ဆိုးအတွက် ပထမဆုံးတရားစွဲဆိုမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ သေဆုံးသွားတဲ့ ကလေးတွေအတွက်စိတ်မကောင်းဖြစ်ရကြောင်း လူအမြောက် အများက သူတို့ရဲ့လူမှု့ကွန်ယက်စာမျက်နှာတွေမှာရေးသားထားကြပါတယ်။ Travis Scott ကတော့ဒီကိစစကိုဘယ်လိုကိုင်တွယ်သွားမလဲစိုတာစိတ်ဝင်စားစရာဖြစ်ပါတယ်။ JOOX ပရိသတ်အားလုံးလည်းကျန်းမာပျော်ရွင်တဲ့ နေ့ရက်တွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ။

default column 1205x682 img

တက္ကဆက်ပြည်နယ်ဖျော်ဖြေပွဲတစ်ခုအတွင်း လူရှစ်ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပြီးနောက် ရက်ပ်ပါ Travis Scott နှင့် Drake တို့သည် “သွေးထိုးလှုံ့ဆော်မှု” ဖြင့် တရားစွဲခံရကြောင်း ဥပဒေကုမ္ပဏီက တနင်္ဂနွေနေ့တွင် အတည်ပြုပြောကြားခဲ့ပါတယ်။