အသွင်သစ်နဲ့ သူမ Adele
Adele Laurie Blue Adkins လို့ခေါ်တဲ့ Adel က ပရိသတ်တွေသိကြတဲ့အတိုင်း ကမ္ဘာတစ်ဝှမ်းမှာ အအောင်မြင်ဆုံးနဲ့ သူမထွက်ခဲ့သမျှသီချင်းတွေကလည်း စံချိန်ပေါင်း သန်း 120 ကျော်အထိ စံချိန်တင်ခံရတဲ့ ဂီတအနုပညာရှင်ထဲမှာ သူမလည်းအပါအဝင်ဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်နိုင်ငံက ဘုရင်မကြီးကိုယ်တိုင်ချီးမြင့်တဲ့ဘွဲ့ဖြစ်တဲ့ Most Excellent Order of the British Empire လို့ခေါ်တဲ့ MBE Award ကို လည်းရရှိထားခံရသူဖြစ်ပါတယ်။
သူမဟာနှစ်အနည်းငယ် ပရိသတ်တွေနဲ့အဆက်အသွယ်ပြတ်ခဲ့ပြီး ဒီနှစ် ၂၀၂၁ မှာပရိသတ်တွေရှေ့ကို သူမရဲ့ အသံပါဝါပိုင်ပိုင်နိုင်နိုင်သီဆိုထားတဲ့ သီချင်းအသစ်နဲ့အတူတူ ပြန်ထွက်လာခဲ့ပါတယ်။ အားလုံးကို အံ့သြသွားစေတာကတော့ သူမဟာ အရင်ပုံစံနဲ့မတူတော့ပဲ လှပတဲ့ကောက်ကြောင်းတွေနဲ့ အတူ ကမ္ဘာ Magazine ဖြစ်တဲ့ VOGUE ရဲ့ Cover မှာပါရွေးချယ်ခံခဲ့ရပါတယ်။ သူမရဲ့ ပုံစံပြောင်းလဲလာမမှု့နဲ့ သူမအိမ်ထောင်ရေးကို ပစ်တင်ဝေဖန်မှု့တွေရှိနေပေမယ့်သူမကတော့
“အထူးသဖြင့် အမျိုးသမီးတချို့ ဘာကြောင့် စိတ်ထိခိုက်ရတယ်ဆိုတာ နားလည်ပါတယ်။
အမြင်အားဖြင့်တော့ အမျိုးသမီးတွေ အများကြီးကို ကိုယ်စားပြုပါတယ်။
အဲ့ဒီထဲမှာငါလည်းအပါအဝင်ပဲလေ။ နောက်ပြီး အဆိုးဆုံးကတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး တခြားအမျိုးသမီးတွေက အရက်စက်ဆုံး စကားပြောဆိုနေကြတာပဲ” “အဲဒါကို အရမ်းစိတ်ပျက်စရာကောင်းတယ်။ အဲဒါက ငါ့ခံစားချက်တွေကို ထိခိုက်စေပါတယ်။”
လို့သူမကပြောပြထားပါတယ်။
American Music Awards
Academy Awards
AIM Independent Music Awards
Golden Globe Awards
Grammys Awards

ကဲ့သို့စုစုပေါင်း ဆု (၈၅) ဆုနဲ့ Nominations ရာထားခံရတာ (၁၄၉) ကြိမ်ထိရှိခဲ့ပါတယ်။ ဘာတွေပဲဖြစ်ဖြစ် Adel ဟာ Adel ပါပဲ မြန်မာပရိသတ်ကြီးတွေကလည်း သူမရဲ့ သီချင်းသူမကိုချစ်ကြမယ်လို့ထင်ပါတယ်ခင်ဗျ။