Yumi's Cells

Yumi's Cells

အခုတစ်လော မြန်မာပရိသတ်တွေကြားရေပန်းစားနေတဲ့ Korea အချစ်ကားလေးတွေထဲမှာ Yumi's Cells ဇတ်ကားလေးလည်းအပါအဝင်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Kim Go-eun, Ahn Bo-hyun, Jinyoung, Lee Yu-bi and Park Ji-hyun တို့ကပါဝင်ပြီး Director Lee Sang-yeob ကရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Season 1 တစ်ခုထဲမှာတင်အပိုင်း ၁၄ ပိုင်းပါရှိပြီး Season 2 ကတော့မကြာခင်ပြသပေးတော့မှာဖြစ်ပါတယ်။

Yumi (Kim Go-eun) လို့ခေါ်တဲ့ ကောင်မလေးက သူမရဲ့ခံစားချက်တွေ၊ အချစ်ရေးနဲ့ အလုပ်တွေကနေတစ်ဆင့် သူမရဲ့နေ့စဉ်ဘဝမှာ ပျော်ရွှင်မှုတွေကို ရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ Yumi တွင် အချစ်၊ အကြမ်းဖက်မှု၊ ကျိုးကြောင်းဆီလျော်မှု၊ အကောင်းနှင့် အဆိုးစသည့် မတူညီသော စိတ်ခံစားမှုများကို ကိုယ်စားပြုသည့် Yumi တွင် ဆဲလ်များစွာရှိပါတယ်။ သူရဲ့ ဦးနှောက်အတွင်းရှိ တဲ့ဆဲလ်များစွာကသူမအတွက် တက်ကြွစွာ အလုပ်လုပ်ပေးပြီး သူမရဲ့ စိတ်ခံစားမှုများနှင့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးပုံ ကောင်မလေးအကြောင်းပဲဖြစ်ပါတယ်။ ဒီ Yumi's Cells ဇတ်ကားမှာ Kim Go Eun ကိုတော့သာမန်ရုံးထမ်း Yumi အဖြစ် သရုပ်ဆောင်ထားပြီး Ahn Bo Hyun ကတော့ ဂိမ်းတီထွင်သူ Goo Woong အဖြစ် သရုပ်ဆောင် ထားပါတယ်။

default column 1205x682 img

ပိုထူးခြားတာက ကိုရီးယား ဒရာမာကားတွေထဲမှာ ပထမဆုံးသော တိုက်ရိုက် အက်ရှင်နှင့် 3D ကာတွန်းကို ပေါင်းစပ်ပြီး မူရင်း webtoon ကို တစ်ပုံစံထဲ အသက်ဝင်စေအောင် ရိုက်ကူးထားတာ ကြောင့်ပဲဖြစ်ပါတယ်။

Yumi’s cells မှာ ၃ နှစ်ကြာမှ ယူမီရဲ့အချစ်ရေးက ပြန်အသက်ဝင်လာပုံကို ကာတွန်းကောင်လေးတွေ နဲ့ ချစ်စရာကောင်းအောင် ရိုက်ပြထားတဲ့ drama ကားလေးပဲဖြစ်ပါတယ်။

JOOX Application ထဲမှာလည်း Yumi's Cells ထဲက OST သီချင်းလေးတွေကိုနားဆင်လို့ရနေပါပြီ။ JOOX ပရိသတ်များအားလုံးကျန်းမာပျော်ရွင်တဲ့နေ့ရက်တွေပိုင်ဆိုင်နိုင်ကြပါစေ။