အကောင်းဆုံးကြိုးစားကြမယ်...... မေ

အကောင်းဆုံးကြိုးစားကြမယ်...... မေ

နွေ... ပိတောက်ပန်းတွေဖူးပွင့်ကြပေမယ့် ကိုယ်အရင်လိုမပျော်ရွှင်နိုင်ပါဘူး မေ။

အရင်လို သင်္ကြန်ရေတွေလည်း ကိုယ့်ရဲ့ရင်ကိုမအေးမြစေတော့ဘူး မေ။

နွေရဲ့ သစ်ရွက်ခြောက်တွေလည်းကြွေကျပြီး ကိုယ့်ရင်ထဲကအလွမ်းနဲ့အတူ ဝမ်းနည်းမျက်ရည်တွေ လည်း တိုးတိုးလေးကျခဲ့တယ် မေ။

အပင်အိုထက်က ငှက်ဥသြတွေကလည်း နွေရဲ့အလှကိုဖော်ကြူးနေပေမယ့် ကိုယ့်ရင်ထဲကမှာတော့ တိတ်တိတ်လေးသက်ပြင်းတွေပဲ ခိုးချနေမိတယ် မေ။

သာဘာဝတရားကတော့ ပုံမှန်အတိုင်း လှလှပပလည်ပတ်နေကြပေမယ့် ကိုယ့်ရင်ထဲမှာတော့ သောကတွေနဲ့ဝေနေတယ် မေ။

ကိုယ့်ရင်ထဲကမဖော်ပြနိုင်တဲ့ အလွမ်းတွေနဲ့အတူ မပြီးဆုံးသေးတဲ့ ကိုယ်တို့အိမ်မက်တွေ အတွက် ကိုယ်အကောင်းဆုံး ကြိုးစားနေပါတယ်။

default column 1205x682 img

သေချာတာတော့ ကိုယ်တို့ကျောင်းဝန်းထဲမှာ ခုချိန်နွေရဲ့ အလှနဲ့အတူ ပန်းတွေ အလှဆုံးဖြူးပွင့် နေကြပြီ။

ကိုယ်တို့ အတူတူ ထိုင်ခဲ့တဲ့ Canteen တွေ စိန်ပန်းပင်အောက်က ခုံတန်းလေးတွေက ကိုယ်တို့ကို လွမ်းနေမလားပဲ။

တစ်ချို့သူငယ်ချင်းတွေကို ဒီနွေ မှာ ကိုယ်တို့ပြန်မဆုံနိုင်တော့ဘူးမေ။

ဒီနွေ ဟာကိုယ်တို့အတွက် အဟောင်းတွေ မကောင်းတာတွေကို သယ်ဆောင်ပေးသွားတဲ့ နွေပဲ ဖြစ်စေချင်တယ် မေရယ်။

ဘာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေတွေပဲဖြစ်ဖြစ် ကိုယ့်တို့ အတူူတူပန်းတိုင် ရောက်အောင် ကြိုးစား ကြမယ်နော်။

ကိုယ်တို့ရဲ့ ပန်းတိုင်က ဝေးတော့တော့တာမှမဟုတ်ပဲ မေ။