Shake the World  Trauma – Silly Fools Band

Shake the World Trauma – Silly Fools Band

Shake the World

Trauma – Silly Fools Band

နာမည်ကြီး ထိုင်း Rock Band တစ်ခုဖြစ်တဲ့ Silly Fools Band ကို ၁၉၉၅ ခုနှစ်မှာစတင်တည်ထောင် ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ Sampler လို့ခေါ်တဲ့ EP ကို Bakery Music အမည်နဲ့ ထုတ်ဝေခဲ့ ပါတယ်။ ဒီ Silly Fools Rock Band မှာ

Jakarint Juprasert (Ton)

Thevarit Srisuk (Rang)

Rat Kobayashi (Rat)

Kritsana Pandonlan (Rim)

ဆိုပြီး အဖွဲ့ဝင်လေးယောက်ပါဝင်ပါတယ်။ အရင်ရာစုနှစ်များစွာတွင်သာမက အခုလက်ရှိအချိန်ထိ ထိုင်းပရိသတ်တွေရဲ့ စဉ်စက်မပျက်အားပေးမှု့တွေရရှိထားတဲ့ Band တစ်ခုလည်းဖြစ်ပါတယ်။ Nu Metal, Alternative Metal, Alternative Rock, Punk Rock, Post-Grunge သီချင်းအမျိုးအစား တွေကိုသီဆိုတဲ့ ဒီ Rock Band ဟာထိုင်းနိုင်ငံရဲ့ အကောင်းဆုံး Rock Band တစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာလည်းထိုင်းနိုင်ငံတစ်ဝှမ်းအကောင်းဆုံး Rock Band အနေနဲ့ Silly Fools Rock Band က "MTV Asia Award" ဆုကိုရရှိခဲ့ပါတယ်။

မကြာသေးခင်နှစ်တွေမှာလည်း “Shake the World” Project မှာ မြန်မာပြည်မှ အောင်မြင် ကျော်ကြားတဲ့ Rock Band တစ်ခုဖြစ်တဲ့ Big Bag Band နဲ့ Silly Fools Rock Band တို့အတူတူပှုး ပေါင်းပြီး Ballard Pop-Rock သီချင်းအမျိုးအစားဖြစ်တဲ့ “Trauma” သီချင်းကို JOOX Application ထဲကနေထုတ်လွင့်ပေးခဲ့ပါတယ်။

နားမဆင်ရသေးတဲ့ ပရိသတ်တွေအတွက်လည်း JOOX Application ထဲမှာနားဆင်လို့ရပါတယ်ခင်ဗျ။

ပရိသတ်တွေအားလုံး ပျော်ရွှင်အေးချမ်းတဲ့နေ့ရက်တွေပိုင်ဆိုင်နိုင်ကြပါစေ။