'Shake the World ' Do it all Again - Stamp

'Shake the World ' Do it all Again - Stamp

ဆွဲဆောင်မှု့ရှိတဲ့ အပြုံးလေးနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုသိမ်းပိုက်ထားတဲ့ Thai မှ နာမည်ကြီး အဆိုတော်တစ်ဦး ဖြစ်တဲ့ Stamp ရဲ့ထူးခြားချက်တွေကိုသိပါသလား?

Stamp ကအသက် ၁၅ နှစ်သားအရွယ်ကတည်းက ဂီတာစတီးပြီး Thai ရဲ့ နာမည်ကြီး Band တစ်ခုဖြစ်တဲ့ Moderndog Band ကိုလည်းငယ်ငယ်ထဲကကြိုက်နှစ်သက်သူဖြစ်ပါတယ်။ Chulalongkorn University မှာ Architecture ဘာသာရပ်ကိုသင်ခဲ့ပေမယ့်လည်း သီချင်းဆိုရတာကို ဝါသနာပါတဲ့အတွက် ၂၀၀၄ ခုနှစ်မှာ အတန်းဖော်သူငယ်ချင်းတွေနဲ့ 7thScene ဆိုတဲ့ အဖွဲ့လေးကိုစတင်ခဲ့ပြီး ပထမဆုံးထွက်ရှိလာတဲ့ Album ကို Love Is Label ကနေစတင်ထုတ်လွင့်ခဲ့ပါတယ်။ သီချင်းရေးဆရာ Boyd Kosiyabong နဲ့ လက်အောက်မှာ အဆက်မပျက် ကြိုးစားလာတဲ့အတွက် သူဟာ တစ်စတစ်စအောင်မြင်မှု့ရရှိလာခဲ့ပြီး သူ့ရဲ့ ပထမဆုံး EP Solo ဖြစ်တဲ့ Million Ways to Write Part I ထွက်ရှိလာနိုင်တဲ့ထိ အောင်မြင်မှု့တွေအများကြီးရခဲ့တဲ့အပြင် ၂၀၁၃ ခုနှစ်မှာ ကျင်းပတဲ့ Stamp Krian Day လို့ခေါ်တဲ့ ပထမဆုံး concert မှာလည်း တစ်ရက်ထဲနဲ့တင် လက်မှတ်တွေ အကုန် ကုန်သွားတဲ့ထိ ပရိသတ်တွေရဲ့အားပေးမှု့ကိုခံခဲ့ရပါတယ်။

default column 1205x682 img

၂၀၁၂ ကနေ အခု အချိန်ထိ The Voice Thailand Talent Show မှာလည်း Coaches တစ်ယောက်အနေနဲ့ ပါဝင်တာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း နိုင်ငံ၊ ယဉ်ကျေးမှု၊ ဂီတတွေ မတူကြပေမဲ့ Shake The World Project မှာ မြန်မာပြည် မှ အဆိုတော် မိစန္ဒီ နှင့် ထိုင်းနိုင်ငံ မှ အဆိုတော် Stamp Apiwat တို့ သီဆိုထားတဲ့ “Do It All Again” ဆိုတဲ့ သီချင်းကို နားဆင်ပြီးသွားကြပြီလား။

ငယ်ငယ်လေးထဲကနေ ပရိသတ်တွေရဲ့ ရင်ထဲထိသိမ်းပိုက်ထားနိုင်ခဲ့တဲ့ Stamp ရဲ့သီချင်တွေကို JOOX မှာနားဆင်ခံစားလို့လည်းရပါတယ်။