အကောင်းဆုံးသာ အသက်ရှင်လိုက်မယ် 歌詞
သီချင်း - အကောင်းဆုံးသာအသက်ရှင်လိုက်မယ်
တေးဆို - Lar Dint Htar Yi
Jenevy
David Lai
လူတချို့က အချစ်ကြောင့် ကြေကွဲနေခဲ့
တချို့ကအလုပ်နဲ့ ဖိစီးမှုတွေနဲ့
တချို့က မိသားစုအတွက်ကို စိတ်ပူနေရတယ်
တချို့က လောဘရမက်တွေတက်
တချို့က ဒေါသထွက်နေတယ်
တချို့က မောဟတွေနဲ့ဖုံးလွှမ်းနေကြတယ်
ဖြေရှင်းဖို့နည်းလမ်းရှိတာပဲ
ခံစားချက်ဦးစားမပေးလိုက်နဲ့
လူ့ကျင့်ဝတ် သိက္ခာတွေလဲရှိနေသေးတယ်
မကောင်းမှုဒုစရိုက်များရှောင်ပြီး
အမုန်းများအားလုံးကင်းစင်ကာ
အကောင်းဘက် ရပ်တည်ပြီး ကြိုးစားအသက်ရှင်မယ်
လူ့ဘဝက သိပ်တိုတယ် အမှတ်တမဲ့နဲ့
အသက်မရှင်တော့ဘူး တန်ဖိုးရှိတဲ့
အချိန်တွေကို အကျိုးရှိစွာ အသုံးချပါမယ်
နှောင်းခဲ့တဲ့အတိတ်တွေကို တွေးပြီး
ဝမ်းနည်းမဲ့အစား ရှေ့ဆက်ဘဝအသက်တာကို
အကောင်းဆုံးသာ အသက်ရှင်တော့မယ်
လူတချို့က အချစ်ကြောင့် ကြေကွဲနေခဲ့
တချို့ကအလုပ်နဲ့ ဖိစီးမှုတွေနဲ့
တချို့က မိသားစုအတွက်ကို စိတ်ပူနေရတယ်
တချို့က လောဘရမက်တွေတက်
တချို့က ဒေါသထွက်နေတယ်
တချို့က မောဟတွေနဲ့ဖုံးလွှမ်းနေကြတယ်
ဖြေရှင်းဖို့နည်းလမ်းရှိတာပဲ
ခံစားချက်ဦးစားမပေးလိုက်နဲ့
လူ့ကျင့်ဝတ် သိက္ခာတွေလဲရှိနေသေးတယ်
မကောင်းမှုဒုစရိုက်များရှောင်ပြီး
အမုန်းများအားလုံးကင်းစင်ကာ
အကောင်းဘက် ရပ်တည်ပြီး ကြိုးစားအသက်ရှင်မယ်
လူ့ဘဝက သိပ်တိုတယ် အမှတ်တမဲ့နဲ့
အသက်မရှင်တော့ဘူး တန်ဖိုးရှိတဲ့
အချိန်တွေကို (လူ့ဘဝဖြစ်ချိန်ခဏလေး)
အကျိုးရှိစွာ အသုံးချပါမယ်
နှောင်းခဲ့တဲ့အတိတ်တွေကို (နှစ်ဟောင်းကအတိတ်တွေကို)
တွေးပြီး ဝမ်းနည်းမဲ့အစား (အနာဂတ်နေ့ရက်တိုင်းမှာ)
ရှေ့ဆက်ဘဝအသက်တာကို (အိုဟိုး)
အကောင်းဆုံးသာ အသက်ရှင်တော့မယ်
(ဘဝတစ်ခုရဲ့ အကောင်းဆုံးလာမဲ့ နေ့ရက်တိုင်းအတွက်)
အကောင်းဆုံးသာ အသက်ရှင်တော့မယ်
👍👍👍