收聽David Lai的Aset Phyat Mae歌詞歌曲

Aset Phyat Mae

David Lai2018年2月13日

Aset Phyat Mae 歌詞

သီချင်း - အဆက်ဖြတ်မယ်

တေးရေး - ဆလိုင်း

တေးဆို - David Lai

 

မလွမ်းလောက်တော့ဘူး

အနည်ထိုင်သွားပြီ စိတ်ကူးတွေ

ထပ်ဖြားမယောက်ချင်နဲ့

အပိုအလုပ် တစ်ခုအဖြစ်ပဲ

ငါသတ်မှတ်လိုက်မယ် မင်းအတွက်

အခုတော့ အသစ်ဖြစ်နေပြီ

ငါ့နှလုံးသားလေး

 

နောက်တစ်ခါလမ်းမှာ မင်းနဲ့တွေ့ရင်

ရင်ဆိုင်မယ် မျက်လုံးချင်း

မင်းကို နှုတ်ဆက်ကျောခိုင်းရမယ့်

အချိန်များပဲ

ကြေကွဲပါစေ မင်းကိုရူးတဲ့စိတ်တွေ

ရင်မှာသိုဝှက်ရင်း

ငါတို့ရဲ့နှစ်ဦး နောက်ဆုံး

ဒီတစ်ခါမှားတာ ငါမဟုတ်

မင်း သိစေချင်

 

အမြဲတွေ့ နေ့တိုင်း

ကျေနပ်သွားအောင် ငါတောင်းဆို

ဘယ်တော့မှ အမှတ်မရှိတဲ့ငါ့ဘဝ

နင်လူလည်ကျတဲ့ မိန်းမ

အသုံးမကျ ငါ့နှလုံးသား

 

နောက်တစ်ခါလမ်းမှာ မင်းနဲ့တွေ့ရင်

ရင်ဆိုင်မယ် မျက်လုံးချင်း

မင်းကို နှုတ်ဆက်ကျော်ခိုင်းရမယ့်

အချိန်များပဲ

ကြေကွဲပါစေ မင်းကိုရူးတဲ့စိတ်တွေ

ရင်မှာသိုဝှက်ရင်း

ငါတို့ရဲ့နှစ်ဦး နောက်ဆုံး

ဒီတစ်ခါမှားတာ ငါမဟုတ်

မင်း သိစေချင်

 

အဆက်ဖြတ်လိုက်မယ်

မလှိမ့်တစ်ပတ်နဲ့ မင်း

ငါရိုးသားစွာ ချစ်ခဲ့

နောက်တစ်ယောက်လက်ကို နင်လေတွဲ

 

(နောက်တစ်ခါလမ်းမှာ မင်းနဲ့တွေ့ရင်)

(ရင်ဆိုင်မယ် မျက်လုံးချင်း)

(မင်းကို နှုတ်ဆက်ကျော်ခိုင်းရမယ့်)

(အချိန်များပဲ) … ရေး ရေး ရေး

ကြေကွဲပါစေ မင်းကိုရူးတဲ့စိတ်တွေ

ရင်မှာသိုဝှက်ရင်း

ငါတို့ရဲ့နှစ်ဦး နောက်ဆုံး

ဒီတစ်ခါမှားတာ ငါမဟုတ်ဘူး

ဒီတစ်ခါမှားတာ ငါမဟုတ်

 

မင်း သိစေချင်